Pages

Monday, April 2, 2012

သံဃိက အလှူ

ဝိနည်းတော်လာ
ဝိနည်းတော်လာ သံဃိက အလှူ အကြောင်းလေ့လာခြင်း
၁) သမ္မုခီဘူတ သံဃိက အလှူ..မြို့တွင်းရွာတွင်း၌ သီတင်းသုံးနေသော ရဟန်းတို့ထံ လာရောက်၍ သံဃဿ ဒေမ ဟု သံဃာအားလှူပါ၏ ဟု ဆိုကာ ပေးလှူသွားလျှင် မျက်မှောက်သံဃာသာ ဆိုင်သည်၊ တမြို့လုံး တရွာလုံး သံဃာအား လိုက်ဝေနေစရာမလိုပါချေ။
၂) အာရာမဋ္ဌ သံဃိက အလှူ….ကျောင်းတိုက် အတွင်းသို့ ဝင်ရောက်၍ တွေ့ရှိသော ရဟန်းအား သံဃာတော်အား လှူပါ၏ ဟုဆိုလျှင် တတိုက်လုံးရှိ သံဃာများနှင့် ဝေဖန်ဝေခြမ်း၍ ယူရမည်။
၃) စတုဒိသာ သံဃိက အလှူ…ရဟန်းတစ်ပါးတည်း သီတင်းသုံးသော ကျောင်းတိုက်သို့ ၀င်၍များစွာသော ပစ္စည်းတို့ကို သံဃာအားလှူပါ၏ ဟုဆို၍ လှူသွားလျှင် ဝိနည်းတတ်သိသော ရဟန်းသည် ဤကျောင်းတိုက်သည် ငါတစ်ပါးတည်းသာ ရှိ၏ သင်္ကန်းများစွာကို ငါသာပိုင်သည်ဟု နှလုံးသွင်းကာ သိမ်းပိုက်လျှင် သူသာပိုင်တော့၏။ အပြစ်မရှိပေ။ သို့မဟုတ်ပါပဲ သံဃိက ပစ္စည်းတည်းဟု နှလုံးထားကာ ငါမပိုင် ငါမဆိုင်ဟု ယူဆောင်သွားငြားအံ့ ရောက်ရာရောက်ရာ အရပ်တိုင်း၌ သံဃိက ဖြစ်ကာ ဂတဂတဋ္ဌာနေ သံဃိက ဖြစ်လေတော့၏။
၎) စတုဒိသာ သံဃိက အလှူ….အလှူပစ္စည်းသည် အကယ်၍များ ဂရုဘဏ် ခေါ် ကျောင်းစသော ပစ္စည်းမျိုးဖြစ်ပါက ထိုပစ္စည်းကို သံဃာအားပေးလှူခဲ့လျှင် မဝေဖန်ကောင်းချေ၊ အရပ်လေးမျက်နှာမှ လာသမျှသော ရဟန်းတော်များသာ ပိုင်ဆိုင်တော်မူကြသည် ဟူ၍ မှတ်သားကြပါကုန်။
Ashin Indaka

No comments:

About Me

My photo
Perth, WA, Australia
Find your strength in Love.

Buddha's day in CMBA

Buddha's day in CMBA
Buddhist Monks are reciting the Paritta

Popular Posts