Pages

Monday, April 2, 2012

ဘုန်းကံ ရှိသူတို့ရဲ့သာသနာ

သာသနာနံ ပုည ၀န္တဿ၊ ပုညာဝန္တာဝ လဗ္ဘရေ။နပ္ပပုညာ ကရဟစိ၊ ပဂ္ဂဏှိတုမ၀ိသယာ။
ဘုန်းကံ ရှိလို့ ဒီလိုထူးခြားတဲ့ သာသနာတော်မြတ်ကြီးကို ချီးမြှောက်နိုင်ကြတယ်။ သာမာန်ဘုန်းရှိတဲ့ လူ ဘုန်းမရှိတဲ့ ပုဂ္ဂိုလ်တွေ ဤသို့ထူးခြားသော မြတ်ဗုဒ္ဓ သာသနာတော်မြတ်ကြီးကို ပြုစုဖို့ရာ ဘယ်လောက်လက် လှမ်းလှမ်း အတန်းမမှီနိုင်ဘူး။ ဘယ်သာသနာလဲဆိုရင် မြတ်ဗုဒ္ဓရဲ့ သီလ, သမာဓိ, ပညာ လို့ဆိုတဲ့ အဆုံးအမ သာသနာပါလို့ ဆိုရမှာပေါ့။စကားဥပမာ.. ဆိုရရင် သိပ်တန်ဖိုးကြီးတဲ့ ပြည်တန် ပတ္တမြားရတနာတို့, စိန်, နီလာ, ကျောက်စိမ်း စတဲ့ တန်ဖိုးကြီးပါတယ်လို့ဆိုတာတွေကို ပိုင်ဆိုင်ခွင့် သုံးဆောင်ခွင့် ရဖို့ဆိုရင် သင့်မှာ ဒီရတနာတွေကို ပိုင်ဆိုင်ခွင့်ရဖို့ ငွေကြေးအမြောက်အမြား ရှိမှသာလျှင် သုံးဆောင်ခွင့် ပိုင်ဆိုင်ခွင့် ရှိမယ်ဆိုတာ အသေအချာပါ။ဒီလောကီရတနာတို့ထက် တန်ဖိုးကြီးကျယ်တဲ့ မြတ်ဗုဒ္ဓရဲ့သာသနာ (အမြတ်ဆုံး ရတနာ) ကို ပြုစုခွင့် ရဖို့, ထောက်ပံ့ချီးမြှောက်ခွင့်ရဖို့, အာမိသပူဇာ၊ ဓမ္မပူဇာ တို့ဖြင့် ထောက်ပံ့ဖို့ ချီးမြှောက်ခွင့် ရဖို့ကို မဆိုပါနဲ့ဦး...အရဟတ္တဓဇ လို့ခေါ်တဲ့ ဗုဒ္ဓဘာသာရဟန်းတော်များရဲ့အ၀ါရောင်သင်္ကန်းတော်ကိုတောင်မှ မမြင်ဘူး, မတွေ့ဘူးတဲ့ လူသားတွေတောင် ဒီခေတ်မှာ ရှိနေပါတယ်...မြတ်ဗုဒ္ဓဟာ လေးသင်္ချေနဲ့ကမ္ဘာတစ်သိန်းတိုင်အောင် မျက်လုံးတော်ပေါင်းများစွာကိုလည်းကောင်း၊ ပင်လယ်သမုဒ္ဒရာ ခုနှစ်စင်းထက်မက များပြားတဲ့ သွေးသားအလှူတော်ကိုလည်းကောင်း၊ ဒါနအစရှိတဲ့ အလှူတော်များစွာကို ပေးစွန့်လှူဒါန်းခဲ့ပီးမှ ရရှိလာခဲ့တဲ့ ဗုဒ္ဓမြတ်စွာသာသနာဟာ..... လွန်စွာတန်ဖိုးကြီးနေတယ်၊ ဒါကြောင့် သင့်မှာ ဘုန်းကံ ကြီးမားပါမှ ချီးမြှောက်ခွင့် ပူဇော်ခွင့် ထောက်ပံ့ခွင့်ကို ရမှာ ချဉ်းကပ်ခွင့်ကိုရမှာပေါ့။..
Ashin Indaka

About Me

My photo
Perth, WA, Australia
Find your strength in Love.

Buddha's day in CMBA

Buddha's day in CMBA
Buddhist Monks are reciting the Paritta

Popular Posts